2017(e)ko otsailaren 11(a), larunbata

Root လုပ်ထားသည့် Android ဖုန်းအား Unroot ပြန်လုပ်ခြင်း

Android ဖုန်းကို Root လုပ်သုံးမယ် ဆိုရင်တော့ ဖုန်းကို စိတ်ကြိုက် Control လုပ် သုံးနိုင်မှာ ဖြစ်ပေမယ့် ဖုန်းကို Root လုပ်ခြင်းက ဖုန်းရဲ့အာမခံကို ပျက်ပြားစေမှာ
ဖြစ်ပါတယ်။

Android ဖုန်းတော်တော် များများက အလွယ်တကူ Unroot ပြန်လုပ်နိုင် ပါတယ်။ အချို့သော Samsung Galaxy မော်ဒယ်တွေ အတွက်ကသာ အနည်းငယ် ခက်ခဲတယ်လို့ ထင်ရပေမယ့် မှန်ကန်တဲ့ tools ကို အသုံးပြုမယ် ဆိုရင်တော့ မိနစ် အနည်းငယ် အတွင်းမှာ Unroot လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

Root file manager မှ Unroot လုပ်ခြင်း

ဖုန်းထဲက Root file manager ကိုဖွင့်လိုက်ပါ။ Android root file manager က များစွာ ရှိမှာဖြစ်ပြီး အသုံးပြုမှုများတဲ့ file manager တွေကတော့ Root Browser, ES File Explorer, X-Plore File Manager တွေပဲဖြစ်ပါတယ်။

ပြီးရင်တော့ system ကိုရှာပြီး system ထဲက bin ဆိုတာကို နှိပ်ပါ။


bin ထဲက su ဆိုတဲ့ဖိုင်ကိုရှာပြီး ဖျက်ပေးရပါမယ်။ ဖိုင်ကို စက္ကန့်အနည်းငယ် ဖိထားပြီး Delete ဆိုတဲ့ စာသားကိုနှိပ်ပြီး အလွယ်တကူ ဖျက်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ဖုန်းမှာ လုပ်ထားတဲ့ root ပေါ်မူတည်ပြီး bin ထဲမှာ su ဖိုင်ကို မတွေ့ဘူးဆိုရင်တော့ xbin ဖိုင်ထဲမှာ ရှာကြည့်ရမှာ ဖြစ်ပါတယ်။ xbin ဖိုင်ကို ဖွင့်လိုက်ပါ။


xbin ထဲက su ဖိုင်ကို အပေါ်က နည်းအတိုင်း ဖျက်ပေးလိုက်ရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ system ထဲကပဲ app ဆိုတဲ့ဖိုင်ကို ရှာပြီးနှိပ်ပါ။


App ဖိုင်ထဲက Superuser.apk ဖိုင်ကိုရှာပြီးဖျက်ပေးပါ။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ စက္ကန့်အနည်းငယ်နှိပ်ပြီး Delete icon ကို နှိပ်ပြီးဖျက်နိုင်မှာ ဖြစ်ပါတယ်။

ပြီးရင်တော့ ဖုန်းကို Restart လုပ်ပေးရမှာ ဖြစ်ပါတယ်။


SuperSU မှ Unroot လုပ်ခြင်း

ဖုန်းထဲက SuperSU app ကိုဖွင့်လိုက်ပါ။ (SuperSU app icon ပုံစံက ကိုယ်သုံးခဲ့တဲ့ ဗားရှင်းပေါ် မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။

SuperSu ထဲက Settings ဆိုတာကို ရွေးပေးပါ။


Settings ထဲကမှ Cleanup ဆိုတဲ့စာသားကို နှိပ်ပါ။

ပြီးရင် Full unroot ဆိုတဲ့ စာသားကိုရှာပြီး တစ်ချက်ထပ်နှိပ်ပါ။


အဲလိုနှိပ်လိုက်ရင်တော့ သေချာအောင် မေးမြန်းတဲ့ Confirmation စာသားပေါ်လာမှာဖြစ်ပြီး Unroot လုပ်မှာသေချာတဲ့အတွက် Continue ကို နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ ဖုန်းကို Restart ချပေးလိုက်ရမှာ ဖြစ်ပါတယ်။



iruzkinik ez:

Argitaratu iruzkina