2017(e)ko otsailaren 15(a), asteazkena

MTK Device တွေမှာဖြစ်တက်တဲ့ Tool DL image Fail / uboot is blocking by dl info error ဖြေရှင်းနည်း

MTK device တွေမှာအဖြစ်များတဲ့ Tool DL image Fail / uboot is blocking by dl info error
ကိုဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကိုတင်ပေးလိုက်ပါတယ်။ ဒီပြသနာကိုတော့ Lenovo တွေမှာ
အဖြစ်များတာတွေ့ရပါတယ်။ လုပ်ရတာလည်းလွယ်ကူပါတယ်။ လေ့လာကြည့်လိုက်ရအောင်

ဖြေရှင်းရမှာတော့ SP Flashtool လေးနဲ့ပါပဲ။ SP Flashtool မှာ Firmware ကိုထည့်လိုက်ပါ။
ပြီးရင် SP Flashtool ရဲ့ ဘယ်ဘက်ထောင့်မှာ File , Option , Window , Help ဆိုပြီးပါ ပါတယ်။
Option ထဲကိုဝင်လိုက်ပါ။

Download ထဲကို ထပ်ဝင်လိုက်ပါ။

အဲဒီထဲက DA DL All with Checksum ဆိုတာလေးကို အမှန်ဖြစ်ပြီး ပြန်ပိတ်ပေးလိုက်ပါ။
ပြီးရင်တော့ Firmware တင်နေကျအတိုင်း ပြန်တင်လိုက်ပါ။ ဒါဆိုရင် SP Flashtool ကနေ
Firmware တင်ပေးသွားပြီး Tool DL image Fail error ကိုပါဆက်ပြီးရှင်းပေးသွားပါလိမ့်မယ်။



iruzkinik ez:

Argitaratu iruzkina