Samsung J7 SM-J710FN (2016) ဖုန်းမှာ အောက်ပါအတိုင်း
Custom Binary blocked by FRP Lock ပိုင်းဆိုင်ရာ error တက်နေရင်
ဖေါ်ပြနည်းလမ်းအတိုင်း ဖြေရှင်းကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။
ဒီသဘောတရားက ဖုန်းကို Root access ရယူဖို့ကြိုးစားရင်းကနေဖြစ်တတ်တဲ့သဘောပါ
J7 SM-J710FN ကို support လုပ်ပေးနိုင်တဲ့ custom recovery များနဲ့ supersu.zip က Root access ရယူရန်အတွက် အဆင်မပြေခဲ့ဖူးဆိုရင်တော့ ဒီ error မျိုးတက်လာတတ်ပါတယ်။
ဒါမျိုး Error ကို အတွေ့အကြုံအရ အများစုက နည်းလမ်းနှစ်မျိုးဖြင့် ဖြေရှင်းတတ်ကြပါတယ်
သက်ဆိုင်ရာ ဖုန်းအတွက် Firmware ကို Region အမှန်ဒေါင်းလော့ရယူပြီး Manual အနေဖြင့် ရေးတင်တာ သို့မဟုတ် Smart Switch စသည် Samsung Kie စသည်များဖြင့် ပြန်လည်ရေးသားကြပါတယ်။
ဖေါ်ပြပါနည်းလမ်းသည်လည်း Samsung J7 SM-J710FN (2016) ဖုန်းအတွက် Firmware ကို Official web မှဒေါင်းလော့ရယူပြီး Manual အနေဖြင့် ပြန်လည် ရေးသားပြီး ဖြေရှင်းနည်းပဲဖြစ်ပါတယ်။
ပြသနာရဲ့ အဓိကအကြောင်းရင်းကတော့ Developer options နဲ့ OEM unlock နေရာတွင် အမှန်ခြစ်မပေးထားပဲ Disable ပြုလုပ်ထားမိလို့ပဲဖြစ်ပါတယ်၊ ဒီ error အတွက် အဖြေကတော့ ဒါပါပဲ။
ဒီ Error မျိုးတက်နေခဲ့ရင်တော့ အောက်ပါ Stock rom Firmware ကိုဒေါင်းလော့ရယူပြီးပြန်လည်ရေးလိုက်ပါ၊ ဒီဖုန်းအတွက် Firmware Region က သုံးနိုင်ငံလောက်ထွက်သေးတယ်ထင်ပါတယ်။
2016-12-05 နေ့မှာထွက်ရှိထားတဲ့ India Region နဲ့ 2016-07-21” India Region နှစ်ခုတွင် ပထမဆုံးထွက်ရှိထားတဲ့ 2016-07-21” India Firmware ကိုဒေါင်းလော့ပြီးရေးလိုက်ရင် အဆင်ပြေပါတယ်။
2016-12-05 မှာထွက်တဲ့ Firmware ကတော့ အလုပ်မလုပ်ပါ Country အကြောင်း သိပ်မစဉ်းစားပါနဲ့ ကျနော့်ဖုန်း SM-J710FN က တကယ်တော့ Indonesia Region ပါ ဒါပေမယ့် India ဖြင့်အဆင်ပြေပါတယ်။
Read more tutorial & Download Here>>>
http://www.zunite.org/2017/01/samsung-j7-sm-j710fn-2016-custom-binary.html
2017(e)ko otsailaren 11(a), larunbata
amsung J7 SM-J710FN (2016) ဖုန်း Custom Binary blocked by FRP Lock ဖြေရှင်းနည်း
Harpidetu honetara:
Argitaratu iruzkinak (Atom)
iruzkinik ez:
Argitaratu iruzkina