2018(e)ko ekainaren 8(a), ostirala

Samsung Galaxy J7 Prime SM-G610F ဖုန်းဗားရှင်း 7.0 Root လုပ်နည်း

Samsung Galaxy J7 Prime SM-G610F ဖုန်းအတွက် TWRP Recovery
ထည့်သွင်းပြီး Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

Samsung Galaxy J7 Prime SM-G610F ဖုန်းကို Root လုပ်မယ်ဆိုရင်တော့
Custom Recovery ထည့်သွင်းပြီး Supersu.zip ဖြင့် Root လုပ်ယူနိုင်ပါတယ်

Custom Recovery
Download Link >>>
 download 

TWRP Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ပေးထားလိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။

SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


iruzkinik ez:

Argitaratu iruzkina