2016(e)ko irailaren 27(a), asteartea

Play Store ထည့်လို့မရတဲ့တရုတ်ဖုန်းတွေမှာ Play store ထည့်နည်း

တာင်းထားတဲ့လူတွေများလာတဲ့အတွက်မအားတဲ့ကြားကတင်ပေးတာလေးပါ

များသောအားဖြင့်တော့တရုပ်ထုတ်ဖုန်းတွေမှာ Play Store တွေမပါပါဘူး ထည့်ရင်လက်ခံပြီးတော့ ဖွင့်လိုက်ရင်သုံးလို့မရတာမျိုးဖြစ်ပါတယ် ဒီအတွက် Play Store ကိုပြင်ပြီးထည့်ပေးမှရပါတယ် root လုပ်ထားဖို့တော့လိုပါမယ် ကွန်ပျူတာမလိုပါဘူး

လိုအပ်တဲ့ software တွေကတော့ 

(1) Root Explorer.apk (2) Google Services Framework.apk (3) Google Login Service.apk

တို့လိုအပ်ပါတယ်ဒါတွေအကုန်လုံးကို အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် 
 https://docs.google.com/uc?id=0B5bz-Y0JR6P_Ym5yeUxQYUdfX3c&export=download 


 အောက်မှာလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့ပြပေးပါမယ် Software ကိုဒေါင်းပြီးရင် ဖိုင်တွေကိုဖြည်ဖို့အတွက်ကwinarar.apk ကိုဒေါင်းပြီး install လုပ်လိုက်ပါ ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကိုဖြည်လိုက်ပါ password တောင်းရင် www.minminchit.org လို့ထည့်ပေးလိုက်ပါ   ပြီးရင် Root Explorer.apk ကို install လုပ်ပြီး program ကိုဖွင့်လိုက်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်  ပြီးတော့ STORAGE ထဲကနေအခုနကဖြေထားတဲ့ဖိုင်ထဲကနေ .apk သုံးခုကို Copy ကူးလိုက်ပါ  


ပြီးတော့ ROOT ကနေ system ၊ system ထဲကနေ app ထဲကိုဝင်လိုက်ပါ ပြီးတော့ Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O ပြောင်းလိုက်ပါ အခုနကကူးလာတဲ့ .apk သုံးဖိုင် ကိုကူးထည့်လိုက်ပါ

ပြီးရင်ဖုန်းကို Restart ချလိုက်ပါ ဖုန်းပြန်ဖွင့်လာရင် Google Play store ထဲကိုဝင်ပြီး Gmail နဲ့ ဝင်ပြီးရင် စိတ်ကြိုက်ဒေါင်းလို့ရပါပြီ

အဆင်မပြေတာရှိရင် www.facebook.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်

နည်းပညာနဲ့တွေတိုးတက်ပြီးအဆင်ပြေကြပါစေ



iruzkinik ez:

Argitaratu iruzkina