2016(e)ko irailaren 15(a), osteguna

✦✦NoteUX Port App Rom V1✦✦


Galaxy A7 2016 SM-A710F/FD User များအတွက် NoteUX Port App Rom လေး တင်ပေးလိုက်ပါတယ်၊ ကျွန်တော်ကိုယ်တိုင် လက်တည့်စမ်း လုပ်ထားတာဖြစ်တဲ့အတွက် အဆင်မပြေတာများရှိရင် အရင်တောင်းပန်ပါတယ်။

ဘာရယ်လို့တော့ ထွေထွေထူးထူး မပြောင်းလဲသွားပါဘူး၊ NoteUX App တွေအစားထိုးထားတယ်၊ Odex ဖိုင်တွေ ဖျက်ထားပေးတယ်၊ Rom ဖိုင်ဆိုဒ်နဲအောင် မလိုအပ်တဲ့ System App တွေကို ဖျက်ပေးထားပါတယ်၊ System Display App နဲ့ Hide System App စုစုပေါင်း App ၃၀ ကျော် အစားထိုး ထည့်သွင်းပေးထားပါတယ်၊ App တွေကတော့ Laste Version တွေဖြစ်အောင် ထည့်ပေးထားပါတယ်၊ တချို့ App တွေရဲ့ Laste Version တွေက အစားထိုးဖို့ အဆင်မပြေသေးတဲ့အတွက် မထည့်ပေးထားပါဘူး။

မြန်မာဖောင့်ဘက်ဆိုရင် Setting >> Display >> Font ထဲက မူရင်း System Font Style ၄ မျိုးမှာ မြန်မာ Zawgyi Font Style ၃ မျိုးနဲ့ မြန်မာ Unicode Font Style ၁ မျိုးကို အစားထိုးပေးထားပါတယ်၊ Language မှာလည်း Englishb(Zawgyi), မြန်မာ (Unicode), မြန်မာ (Zawgyi) တို့ပါဝင်ပါတယ်၊ Browser တို့ Clash Of Clans တို့မှာပါ မြန်မာစာအဆင်ပြေအောင် ထည့်သွင်းပေးထားပါတယ်၊ Samaung Keyboard မှာလည်း မြန်မာ (Unicode), မြန်မာ (Zawgyi) တို့ကို အသုံးပြုနိုင်ပါတယ်။

ဒီ Rom ရဲ့ အဓိကအကြီးမားဆုံး Error ကတော့ Screen Lock ကို ဘာနဲ့မှအသုံးပြုလို့မရပါဘူး၊ ထိုကြောင့်မတင်ခင် အရင်စဉ်းစားပါ၊ ဒီ Error ကိုလည်း အမြန်ဆုံးအဖြေရှာပြီး လာမဲ့ Rom Version V2 မှာ အဆင်ပြေအောင် လုပ်ဆောင်ပေးပါမယ်၊ အခြားအဆင်မပြေ Error များရှိရင်လည်း Comment မှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ Rom မတင်ခင် အရင် TWRP ကနေ System ဖိုင်ကို Backup သိမ်းထားကြပါလို့ အကြံပေးချင်ပါတယ်၊ အဆင်မပြေ Rom မကြိုက်လျှင် ပြန် Restore ယူလို့ရအောင်ပါ။

Rom သွင်းနည်းကတော့ အရင် TWRP Recovery Mode ကနေ Swipe to Factory Reset, Format Data, Advanced Wipe (Cache, Data, System) ပေးပါ၊ ပြီးမှ Rom Zip သွင်းပါ၊ Power ပြန်တတ်လာပြီး ဖုန်းရဲ့ Home Screen ရောက်ပြီးဆိုမှ TWRP Recovery Mode ထပ်ဝင်ပြီး Xposed Framwork Zip နဲ့ SuperSu Zip ကိုသွင်းပါ၊ Home Screen ရောက်ပြီးဆိုရင် နောက်တခေါက် TWRP Recovery Mode ဝင်ပြီး AddOn_1 Zip ကိုသွင်းပေးပါ။

NoteUX Poer App Rom V1 (957MB)
Download >> https://mega.nz/#!pMZCXZqA!zBUvohAd0pP-y_1e5TVy8uMvkEM8D-9xU2B5_G0ypRg 


Xposed Framwork (5MB)
Download >> https://mega.nz/#!5ZRUSb7R!YhdAujGZcLWb9uuNuQq61C689XmuxtISZhyb_0r6C8M 


SuperSu (4MB)
Download >>  https://mega.nz/#!5dxSBDDI!6OU60LEe6uGfhyDdWndvU5_m8seviKM4ENjud3bzs60 

AddOn_1 (24MB)
Download >>  https://mega.nz/#!pAwCgIqD!xm7yYuTaXwuTVXBZlfC132-qVbyJYqgcz6tJ2uc7Sq0 


iruzkinik ez:

Argitaratu iruzkina