-Grand 2 User တွေခဏခဏမေးနေလို့ အကုန်ခြုံပြီး သိသလောက်လေး လေပြောမယ်နော်.... တချို့လူတွေ အလွယ်တကူ နားလည်အောင် အတတ်နိုင်ဆုံး မြန်မာလို လွယ်လွယ်လေး ရှင်းပြပါမယ်။
Version 4.3 ဆို Version 4.4.2 ရအောင် အရင်လုပ်ယူကြပါလို့ အကြံပေးချင်ပါတယ်။ 4.4.2 မှာအဓိကကတော့ ဘတ်ထရီတော်တော်လေး အသုံးခံသွားပါတယ်။ 4.4.2 မှာဒါလေးဘဲ ထူးခြားသွားတာ မဟုတ်ပါဘူး။ 4.4.2 ဖြစ်သွားရင် ဘာမှသိသိသာသာကြီး မထူးခြားသွားပေမဲ့ GeNnxt Rom ဆိုတဲ့ S5 စတိုင် Rom လေးကို တင်ပေးလိုက်ရင် Grand 2 ဆိုတာ Android လောကမှာ လက်မမထောင်နိုင်သေးရင်တောင် အလယ်အလတ် မျက်နှာရှိသွားမှာပါ။ GeNnxt Rom က 4.4.2 တင်ပြီးမှသာ တင်လို့ရမှာပါ။ 4.3 သမားများ တင်မရပါဘူး။
Version 4.3 သမားများ အရင် 4.4.2 တင်ယူရပါမယ်။ Root မဖောက်ထားဘူးဆိုရင်တော့ Setting ထဲသွားပြီး About ကိုရှာနှိပ့်ပါ အဲ့ထဲက အပေါ်ဆုံး Software Update ဆိုတာလေးကိုနှိပ့်ပြီး 4.4.2 Update ဆွဲပေးရပါမယ်။ အဲ့မှာ 30Mb, 60Mb ဆိုပြီး ဆွဲပေးရမှာပါ ဒါပေမဲ့ 30Mb တို့ 60Mb တို့ဟာ 4.4.2 မဟုတ်သေးပါဘူး အဲ့လိုဘဲ ဆွဲပေးသွားရင် နောက်ဆုံး 300Mb ကျော်ကျော် 400Mb နှီးပါးကမှ 4.4.2 အတွက်ပါ။ အကယ်၍ Software Update ကဆွဲပေးလို့ မရဘူး အဆင်မပြေဘူး Root ဖောက်ထားတယ်ဆိုရင်တော့ ထိုင်းဖန်လုံး (THL Firmware) ကိုဒေါင်းပြီး ကွန်ပြူတာကနေ Odin ကတဆင့် တင်ပေးရမှာပါ (ကွန်ပြူတာနဲ့သာ တင်ရပါမယ်) ထိုင်းဖန်လုံး ဆွဲမယ်ဆိုရင် အောက်မှာရယူလိုက်ပါ။ ကွန်ပြူတာကနေ ဖန်လုံးတင်နည်း အောက်မှာ ပြောပြသွားပါမယ်။
ထိုင်းဖန်လုံး (THL Firmware)Download>> http://adf.ly/1dyS04
----------------------------------------------------------
အိုခေ Version 4.4.2 ဖြစ်သွားပြီး Root ဖောက်ချင်တယ် Rom တင်ချင်တယ်ဆိုရင်တော့ အရင် CWM ဆိုတာ တင်ရပါမယ်။ CWM ကို ကွန်ပြူတာကနေ တင်ပေးရပါမယ် (ကွန်ပြူတာနဲ့သာ တင်ရပါမယ်) အဓိကဟာ CWM ပါဘဲ။ CWM တင်တာ အချိန် ၁ မိနစ်လောက်ပါဘဲ။ ကျန်တဲ့ Rom တို့ဘာညာတို့ တင်တာက ကွန်ပြူတာ မလိုတော့ပါဘူး။ CWM တင်နည်း အောက်မှာ ပြောပြသွားပါမယ်။ CWM မရှိသေးရင် အောက်မှာ Download ရယူပါ။
Grand 2 Version 4.4.2 CWM
Download >> http://adf.ly/1dyS8c
CWM တင်ပြီးသွားပြီးဆိုရင်တော့ စိတ်ကြိုက်လုပ်လို့ ရပါပြီး။ Root ဖောက်ချင်တယ်ဆိုရင် Root Zip ဖိုင်ကိုဒေါင်းပြီး CWM ကနေ Installe Zip ဖိုင်ပေးလိုက်ရင် ရပါပြီး။ CWM ကနေ Zip ဖိုင် Installe နည်းကို အောက်မှာရေးပေးပါမယ်။ Root Zip ထိုငိုချင်လျှင် အောက်မှာ Download ရယူနိုင်ပါပြီး။ တခုပြောချင်တာက Rom တင်မဲ့သူဆို Root Zip ဖိုင်သွင်းစရာ မလိုတော့ပါဘူး။ Rom တင်ရင် Root ကပါလာပြီးသားပါ။
Grand 2 4.4.2 Root Zip
Download >> https://www.dropbox.com/sh/xyqlavqcthbgc8i/AADda8DRIKURaXivmPfOf8S7a?dl=0
Rom တင်မယ်ဆိုရင်တော့ GeNnxt Rom ကို Download ရပါမယ်။ ဖိုင်ဆိုဒ်အားက 1Gb နှီးပါးပါ။ လိုင်းကောင်းဖို့တော့ လိုတာပေါ့။ လိုင်းမကောင်းရင် တဝက်တပျက်နဲ့ ပျက်ကျတာတို့ ဖိုင်ဆိုဒ်အား မပြည့်တာတို့နဲ့ ကြုံတတ်ပါတယ်။ Rom တင်ပြီးသွားရင် သင့် Grand 2 ဟာ သိသိသာသာကြီး ပြောင်းလဲသွားပါမယ်။ Model နာမည်ကအစ S5 Model နာမည်နဲ့ပါ။ Rom တင်နည်းကို အောက်မှာ ပြောပြသွားပါမယ်။ GeNnxt Rom ကိုအောက်ကလင့်မှာ Download ရယူလိုက်ပါ။ လင့်ထဲဝင်ပြီး အစိမ်းရောင်အကွက်ကို နှိပ့်ပေးလိုက်ပါ။
GeNnxt Rom
Download >>
https://www.androidfilehost.com/?fid=23578570567716671
http://adf.ly/1dyT2N
----------------------------------------------------------
Rom တင်ပြီးရင် ပထမဆုံး ကြုံတွေ့ရမဲ့ ပြသနာက Wifi ဖွင့်လို့ မရတာပါဘဲ။ ဖြေရှင်းနည်းကတော့ ခုကျွန်တော်ပေးမဲ့ Wifi Erro Zip ဖိုင်ကိုဒေါင်းပြီး သွင်းပေးရမှာပါ။ သွင်းနည်းကို အောက်မှာ ပြောပြသွားပါမယ်။ Wifi Erro Zip ဖိုင် အောက်မှာ ဒေါင်းယူလိုက်ပါ။
Wifi Erro Zip
Download >> https://www.dropbox.com/sh/ce4bt9y1o8b8i1b/AABcwDYZ1ZvkUwIsqCfprIpsa?dl=0
Rom တင်လိုက်ရင် မြန်မာဘာသာ ထိုင်းဘာသာနဲ့ အခြားဘာသာများ မပါလာတော့ပါဘူး။ မပူပါနဲ့ ကိုယ့်ဘာသာ ထည့်ယူရပါတယ်။ ဒီမှာ ထည့်နည်း ၂ နည်းရှိပါတယ်။ စာလုံးလှ Font style မသုံးလည်းရတယ် ကိစ္စမရှိဘူး ဆိုရင်တော့ အောက်က FinalSolution Zip ဖိုင်ကို ဒေါင်းယူလိုက်ပါ ဖိုင်ဆိုဒ်ကတော့ 37Mb ရှိပါတယ်။ သွင်းနည်းကတော့ အောက်မှာပြောပြသွားပါမယ်။
FinalSolution Zip
Download >> http://adf.ly/1dyTLB
မြန်မာဘာသာ ထည့်နည်း နောက်တနည်းကတော့ Samsung Zawygi Enabler ဆော့ဝဲလ်နဲ့ မြန်မာဘာသာ ထည့်ယူတာပါ။ ဒီနည်းကတော့ မြန်မာဘာသာလည်း ရပါတယ်။ စာလုံးလှ သုံးချင်သေးတယ်ဆိုရင်လည်း မြန်မာစာလုံးလှဒေါင်းပြီး Setting ထဲက Font >> Font Style မှာ သွားရွေးပေးယုံပါဘဲ။ သွင်းနည်းကတော့ လွယ်ပါတယ် ဆော့ဝဲလ်ဖွင့်လိုက်ရင် အကွက် ၁ ကွက်ဘဲ ရှိပါတယ် နှိပ့်ပေးလိုက်ယုံပါဘဲ။ ပြီးရင် ဖုန်းပါဝါပိတ်ပြီး ပြန်ဖွင့်ပေးပါ။ Zawgyi Enabler ကိုအောက်မှာ Download ရယူနိုင်ပါတယ်။
Samsung Zawgyi Enabler
Download >> http://adf.ly/1dyTW5
မြန်မာစာလုံးလှလေးတွေ လိုချင်ရင်တော့ ကျွန်တော်သိတ်ကြိုက် စပ်ထားတဲ့ စာလုံးလှ ၃ ခုအောက်မှာ ပေးသွားပါမယ်။ Download ပြီးဖုန်းထဲထည့် (Installe) ပြီးရင် Setting ထဲသွား Font ကိုနှိပ့်ပြီး Font Style မှာ ကိုယ်ထည့်လိုက်တဲ့ စာလုံးလှနာမည်ကို ရွေးပေးလိုက်ပါ။ စာလုံးလှများကို အောက်မှာ Download ရယူပါ။
စာလုံးလှ ၃ ခု
၁ >>
----------------------------------------------------------
GeNnxt Rom တင်ပြီးရင် သိပ့်မပြည့်စုံသေးပါဘူး ဥပမာ ဆင်း ၂ ကဒ်ထည့်ထားပေမဲ့ ၁ ကဒ်ဘဲ ပေါ်တာတို့ပေါ့။ Addon Zip ဖိုင်ကို သွင်းပေးရပါမယ်။ GeNnxt Rom အတွက် Addon Zip ဖိုင် ၂ ဖိုင်ရှိပါတယ်။ ၂ ဖိုင်လုံး သွင်းပေးပါ။ သွင်းနည်းကိုညအောက်မှာ ပြောပြသွားပါမယ်။ Addon Zip ဖိုင် ၂ ဖိုင်ကို အောက်မှာ Download ရယူပါ။
Addon 1 (119Mb)
Download >> http://adf.ly/1dyTvM
Addon 2 (192Mb) Download>> http://adf.ly/1dyU56
Rom လည်းတင်ပြီးပြီး Addon တွေလည်း တင်ပြီးပြီး ဆိုရင်တော့ သင့် Grand 2 ဟာ တော်တော်ပြည့်စုံ လှပသွားပါပြီး။ ကျန်တဲ့ဖလန်းဖလန်းတွေကိုတော့ ကိုယ့်ဘာသာ ကလိကြတော့ပေါ့နော်။
★ ★ ကွန်ပြူတာ Odin ကနေ ထိုင်းဖန်လုံး 4.4.2 တင်နည်းနဲ့ CWM တင်နည်း★ ★
အရင် ဖုန်းကိုကွန်ပြူတာနဲ့ မချိတ်ခင် Setting >> more >> security >> reactivation lock ကိုအမှန်ခြစ်ဖြုတ်ဖို့လုံးဝ (လုံးဝ) မမေ့ပါနဲ့ မရှိရင်မလိုပါဘူး။
setting >> more >> developer >> option >> usb degubbing ကို ON ဖို့ လုံးဝမမေ့ပါနဲ့
Setting >> more ထဲမှာ developer option ကိုမတွေ့ရင် setting >> about device ထဲက Buildnumber ကို ၇ ချက်လောက် ဆက်တိုက်နှိပ်ပေးပါ ။ setting >> more ထဲမှာ developer option ပေါ်လာပါလိမ့်မယ်။
ဖုန်းဘတ်ထရီ အနဲဆုံး ၈၀ ရာခိုင်နှုန်း သွင်းထားပါ။ ကွန်ပြူတာကနေ Odin ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ Pda အကွက်ကို အမှန်ချစ်ပေးပါ။ ပြီးရင် pda ကိုနှိပ့်ပြီး ဒေါင်းထားတဲ့ ထိုင်းဖန်လုံးထဲက Zip ဖြည်ထားတဲ့ (.tar) ဖိုင်ကိုရွေးပေးလိုက်ပါ။
ပြီးသွားရင် ဖုန်းကိုပိတ်ပြီး အသံတိုးတဲ့ခလုတ် ဖုန်းခလယ်ခလုတ်နဲ့ ဖုန်းပါဝါပိတ်တဲ့ခလုတ် ခလုတ် ၃ လုံးကိုပြိုင်တူ တခဏ နှိပ့်ထားပေးပါ။ Download mode ၀င်တာပြတာနဲ့ အကုန်တပြိုင်ထဲ လွှတ်လိုက်ပါ။ ပြီးရင် အသံချဲ့တဲ့ခလုတ်ကို တချက်နှိပ့်ပြီး confirm ရင် download mode ready ဖြစ်ပါပြီး။ ပြီးရင်ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်လိုက်ပါ။ အဲလိုချိတ်လိုက်လို့ Odin ထဲက ID:COM နေရာမှာ အရောင်လေးနဲ့ ပြနေရင်ရပါပြီး။ အဲဒီကျ Start ကိုနှိပ်လိုက်တာနဲ့ သူလုပ်စရာရှိတာလုပ်ပီးရင် PASS/RESET ပြပီး ဖုန်းရီစတက် ကျပါမယ်။ သူ့ဘာသာ အလုပ်လုပ်နေမယ် ပြီးရင် နောက်တခါရီစတက် ထပ်ကျမယ် အာ့ဆိုပြီးသွားပါပြီး။
CWM ကိုလည်း ဒီနည်းနဲ့ဘဲ တင်ယူပါ။ သတိထားရမှာက pda မှာရွေးပေးရမဲ့ဖိုင်က (.tar) ဖြစ်ပါစေ။
(ဖန်းဝဲ တင်နေတုန်း ကွန်ပျူတာနဲ့ ဖုန်းဆက်သွယ်ထားသော usb ကြိုးမလွတ်သွားစေရန် ဂရုစိုက်ပေးပါ)
ဒါက ကွန်ပြူတာအတွက် Odin ဆော့ဝဲလ် Zip ဖိုင်ပါ။ Zip ဖြည်လိုက်ရင် အထဲမှာ Odin ရှိပါတယ်။
Odin Zip
Download >> http://adf.ly/1dyUGf
ဒါက ဖုန်းနဲ့ ကွန်ပြူတာ ချိတ်ဆက်တဲ့အချိန်မှာ ကွန်ပြူတာက ဖုန်းကိုမသိရင် (Odin မှာ ID:COM နေရာမှာ အရောင်မပြလျှင်) ကွန်ပြူတာက ဖုန်းကိုသိအောင် ကွန်ပြူတာမှာ ထည့်ပေးရမဲ့ Samsung usb driver ပါ။ Download ဆွဲပြီး ကွန်ပြူတာမှာ သွင်းပေးလိုက်ပါ။
Samsung Usb Driver
Download >> http://adf.ly/1dyUOu
***Root Zip, Rom, Wifi Erro Zip, FinalSolution Zip နဲ့ Addon တို့ကို သွင်း Installe နည်း***
ဖုန်းဘတ်ထရီ ၅၀ ရာခိုင်နှုန်း သွင်းထားပါ။
သွင်းမဲ့ဖိုင်ကို SD မေမိုရီကဒ်ထဲ ပြောင်းထည့်ထားပါ။ ပြီးရင်ဖုန်းပိတ်လိုက်ပါ။ ပြီးရင် ဖုန်းအသံချဲ့တဲ့ခလုတ် ဖုန်းခလယ်ခလုတ် ဖုန်းပါဝါခလုတ် ခလုတ် ၃ လုံးကို ပြိုင်တူဖိ့ထားပါ။ စာတန်းလေးတွေ ပေါ်လာလျှင် ပြိုင်တူ လွတ်လိုက်ပါ။ အဲ့ထဲက Installe Zip File ကိုရွေးပေးပါ။ ပြီးရင် Installe Ex SD Card ကိုရွေးပေးပြီး ခုနက သွင်းမဲ့ Zip ဖိုင်ကို ရှာပြီးနှိပ့်လိုက်ပါ (စာတွေ နဲနဲလွဲချင် လွဲနေမယ် ကျွန်တော်လည်း မေ့ကုန်ပြီး)။ ဒါပါဘဲ ပြီးရင်အရှေ့ပြန်ရောက်မယ် Reboot ချပေးလိုက်ပါ။ ဖုန်းပိတ်ပြီး ပြန်ဖွင့်လာရင် ပြီးပါပြီ။
➳ (Credit, ယ်ုအဲ ယ်ုထီသိုဝ်
Grand 2 User ဆုံစည်းရာ Group)
2016(e)ko irailaren 15(a), osteguna
✔Grand2 အတွက်✔ ➳ (Credit, ယ်ုအဲ ယ်ုထီသိုဝ် Grand 2 User ဆုံစည်းရာ Group)
Harpidetu honetara:
Argitaratu iruzkinak (Atom)
iruzkinik ez:
Argitaratu iruzkina