Galaxy J2 SM-J200GU ဖုန်းအတွက် TWRP ထည့်သွင်းပြီး Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဟိုနေ့ကသင်တန်းမှာ သင်တန်းပြရင်း
ဘော်ဒါတစ်ယောက်အကူအညီတောင်းလာလို့ မအားနေတာနဲ့မလုပ်ဖြစ်ဘူး
ပထမတစ်ယောက်က Twrp ကိုသွင်းတာအောင်မြင်ပြီး SuperSu ကိုထည့်ထာကြတော့
Firmware လစ်သွားတယ်ပြောတယ်၊ အဲဒါနဲ့ ကိုယ်လည်းမကြည့်အားနေသေးဘူး
Firmware ကိုအရေးပေါ်ဒေါင်းလော့ရယူပြီး ပြင်တင် ပြီးတော့ နောက်တစ်ယောက်
လက်ထဲရောက်သွားတာတွေ့လိုက်တယ် သူက twrp ထပ်သွင်းကြည့်တယ်
အဆင်ပြေတယ် SuperSu အနိမ့်ကိုထည့်မိလို့ Firmware ကြွသွားတာဆိုတော့
အမြင့်ကိုထည့်ကြည့်လိုက်တော့ အဆင်ပြေသွားတယ်။
လိုအပ်ချက်အနေဖြင့်ကတော့ OEM ကို Unlock ဆိုပြီးအမှန်ခြစ်လေး
ပေးထားရမှာပဲဖြစ်ပါတယ်၊ Odin ကတော့ Odin3 v3.07 ဖြင့်
အဆင်ပြေပါတယ် ဗားရှင်းအထက်ကိုသုံးလည်းရပါတယ်။
Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Click Here to Download Odin
Samsung USB Driver for Windows
Download Galaxy J2 SM-J200GU TWRP
Download Here SuperSU v2.62.3 beta (Flash)
TWRP Recovery ထည့်သွင်းနည်း
===================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
=========================
၁။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၂။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
ဒီဖုန်းအတွက်တော့ Teamwin recovery mode ဖြစ်နေပါလိမ့်မယ်။
၃။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၎။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၅။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အကြောင်းတစ်ခုခုကြောင့် Firmware ကြွသွားခဲ့ရင်တော့
အရေးပေါ်ပြန်လည်တင်ယူနိုင်အောင်အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ တင်နည်းလည်းတွဲထားပြီးသားပါ။
Samsung Galaxy J2 SM-J200GU 5.1.1 Lollipop Firmware
iruzkinik ez:
Argitaratu iruzkina